မှော်ဆရာ
Wednesday, 8 February 2012
အချစ်အက္ခရာ A to Z...
Accept(လက်ခံခြင်း)
“လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး”
သူ့ကိုချစ်တယ်ဆိုရင်
သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။
Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊
သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ
လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။
Care (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို
ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့
“အလုပ်ပင်ပန်းလား?”ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို
“မိုးအေးပြီနော်…
အနွေးထည်ထပ်ဖို့
မမေ့နဲ့နော်”ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက
တစ်ဘက်သားအတွက်
တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို
နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။
Devoted (သစ္စာခိုင်မြဲသည်)
လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက
ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ
အဆုံးသတ်ရတတ်တယ်။
Enjoy (ကျေနပ်စွာခံစားသည်)
တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့
ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ
ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ
ပျော်ရွှင်မှာဖြစ်တယ်။
Freedom (လွတ်လပ်မှု)
လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့
လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ
ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။
ဒါကြောင့်
သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။
Give (ပေးဆပ်ခြင်း)
အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။
ဒါပေမယ့်
မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက
ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ
စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။
Heart (နှလုံးသား)
အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို
နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့
ချစ်ခြင်းမှာ
နှလုံးသားတစ်စုံသာ မပါခဲ့ရင်
အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါဘူး။
Independence (မမှီခို၊ အားမကိုးဘူး)
စကားပြောကောင်းတဲ့ချစ်သူက “ငါဟာ မင်းအတွက်မွေးဖွားလာတာပါ” လို့ပြောတတ်ကြတယ်။
တကယ်တော့ လူတိုင်းမှာ
ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊
အားကိုးတာက
သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။
Jealousy (မနာလို၊ သဝန်တို)
သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း
တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့
အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း
အဆက်အစပ်မရှိတဲ့
သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ
ဖြစ်ပေါ်စေပါတယ်။
Kiss (အနမ်း)
အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။
ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့
ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့်
ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့
မတွန့်တိုသင့်ပါဘူး။
Love (ချစ်တယ်)
ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။
“ချစ်တယ်”ဆိုတဲ့စကားတစ်ခွန်းက
တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို
နွေးထွေးကြည်နူးစေပါတယ်။
Mature (ရင့်ကျက်)
တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ်
ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ
အဆင်ခြေမရှိ
စူစူအောင့်အောင့်
မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်
လူရင့်ကျက်ရင်
အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန်
ဖူးပွင့်နိုင်မှာဖြစ်တယ်။
Natural (ပင်ကို၊ ပကတိ)
ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး
ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး
ပေါ်လာတတ်တယ်။ ချစ်စတည်းက
ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က
ပိုတာရှည်တည်မြဲမှာဖြစ်တယ်။
Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)
တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလိုတစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ်။ ဥပမာ-မဂ္ဂဇင်းအတူကြည့်တုန်းစာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင်လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။
Protect (ကာကွယ်စောင့်ရှောက်)
ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။
ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့
လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ
သူ့အရှက်မရဖို့၊
ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။
Quarter (ခွင့်လွတ်သည်းခံ)
ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။
တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့
ခွင့်လွတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။
Receive (လက်ခံ)
ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
စိတ်ပျက်သွားတဲ့အမှုအရာမျိုး၊
စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။
အဲဒီအပြုအမှုတွေက
သူ့ကို
စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက်
ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ
နှစ်ဦးသားရဲ့ အကြင်နာကို
ပိုမိုခိုင်မြဲစေပါတယ်။
Share (မျှဝေ)
တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။
ဒါဟာ
ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ်။
Tender (နူးညံ့)
အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။
အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။
Understand (နားလည်)
တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး
ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။
တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို
ပိုနားလည်စေနိုင်ပါတယ်။
Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)
အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း
ကိုယ့်ချစ်သူကို “အပြောသမား” တစ်ယောက် မဖြစ်စေချင်သလို သူကလည်း
ကိုယ့်ကိုဖြစ်စေချင်မှာ
မဟုတ်ပါဘူး။ အချင်းချင်း
အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။
Wait (စောင့်သည်)
အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့
အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး
ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို
နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။
X (အမြှောက်သင်္ကေတ)
ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင်
အချစ်ကအလိုလိုနေရင်း
အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။
Yield (အလျော့ပေး)
နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ်
အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို
သဲသဲကွဲကွဲ
မသိခင် “လမ်းခွဲကြရအောင်”
ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့
သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး
ဖြေရှင်းနည်းတွေ
ရှာတာဟာ
အကောင်းဆုံးဖြစ်တယ်။
Zero (စမှတ်)
အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့
ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက
ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့
မှတ်ယူပြီး
အချစ်ကို
ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့
ချစ်နိုင်၊
ခံစားနိုင်ခဲ့ရင် အချစ်ဟာ
အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။
လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ
အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား
ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့
ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့
ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ကျွန်တော်က
ထပ်ဘာသာပြန်ဆိုပါတယ်။
အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။ အားလုံး
ချစ်နိုင်ကြပါစေ…။
gtalk title လေးတွေ....
၁။ ကိုလှရွှေ နေမကောင်းဖြစ်လို့ .....မသိန်းကြည်
ငါးသွားရောင်းတာ......တာမွေမှာရေကြီးလို့ တဲ့.......အဲဒါနဲ့ အမေရိကန်နဲ
့.....ကိုရီးယားစာချုပ် ချုပ်လိုက်တာ....ဒွေးသေသွားတယ်
......နင့်ကိုသတိရလိုက်တာဟာ...
၂။ When I saw you. I was afraid to meet you. When i met you. I was
afraid to love you and now I love you. I was afraid to lose you.
Don't worry I put you in the innermost part of my heart so no one can
take you out.
၃။ I love walking in the rain because no one know I am crying..
၎။ ခင်ယုံပါဆို ရင်ခုန်စရာဘာလို့တွေးတာလဲ? ရိုးရိုးသိတာပါဆိုလဲ
ခိုးခိုးကြည့်စရာ မလိုပါဘူး... ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက
သိသာတယ်နော်... အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံပေါ့...
၅။ အချစ်ဆိုတာ ဓါးသွားပေါ်က ပျားရည်စက်တဲ့... တောက်! ဘယ်သူကများ
ပျားရည်တွေကုန်အောင် လျက်သွားပါလိမ့် ................ ငါ့အလှည့်ကျ
ဓါးသွားချည်းကျန်တော့တယ် ....
၆။ ငါချစ်တဲ့ မင်း တစ်ခြားတစ်ယောက်နဲ့ Q လို့ ပါသွားရင်
ခေါင်းလောင်းထိုးပြီး လျှူလိုက်မယ်... မလွမ်းတက်တာတော့ တော်တော်ခက်တယ်...
၇။ မင်းက မင်းကို ချစ်တဲ့ သူတစ်ယောက်ဆုံးရှုံးသွားတာ ငါက ငါ့ကို မချစ်တဲ့
သူတစ်ယောက် ဆုံးရှုံးရတာ အေးဆေးပဲ...
၈။ အမြည်းမရှိတော့အာပူ...သူကြီးမရှိတော့ရွာဆူ...(ဆိုသလို)
ဘုန်းတစ်ခိုးရှိတဲ့အသင်လူလည်း...ရည်းစားမရှိရင်ကြူသာကြူ...:-).
၉။ u see i see တော့ဒန်းကျိုးတာပေါ့ u say i say တော.ပန်ကန်ပါးတာပေါ့u no
i no တော.နှစ်ယောက်လုံးအိမ်ရေးပျက်တာပေါ့
၁၀။ ♫ ဘ၀ဆက်တိုင်း England မှာ ဘောလုံးသမား, Korea မှာ မင်းသား, ဂျပန်မှာ
ယာကူဇာ, US မှာ Mafia, မြန်မာနိုင်ငံမှာ သူဌေးသား ဖြစ်ရပါစေ၊
အရှင်ဘုရား...
၁၁။ အချို့ အချို့ ကပြောတယ်ဗျာ.. မိန်းကလေးများသည် အမျိုးမျိုးပြောင်း
လဲတတ်သည်တဲ့ ... အမျိုး မျိုး မဟုက်ပါဘူးနော်........
နှစ်မျိုးတည်းပြောင်းတာပါ..လိုတမျိုး ...မလိုတမျိုး.....
၁၃။ ကြိုက်လို့လိုက်တာ မိုက်လို့ခိုက်တာ Fight ဖို့ Case မပါဘူး
လိုက်လို့ညစ်ရင်လည်း မမိုက်လို့ ပစ်တယ်မှတ်လိုက်မယ် But
သင့်အတွက်မှတ်ရန်က အချစ်အတွက်မနက်ဖြန်မရှိပါတဲ့။
၁၄။ ဒီမှာချစ်သူ....မင်းအတွက်ဆို..Zoo ထဲကဆင် Assကို
ပင်အပ်နဲ
့ထိုးရထိုးရ..တောထဲကခြင်္သေ့ကို လောက်စလုံးနဲ့စော်ရစော်ရ Mr Bush
ကိုဒီမှာငချွတ် မင်းဟာဖွတ်လို့ ပြောရပြောရဟာ..အသက်မရူပါးစပ်မကူဘဲ စက္ကန်
့ဝက်နေဆို နေပါ့မယ်ဟာ....နော်...
၁၅-နင်းဖြတ်သွားတိုင်း ခြေရာကျန်ခဲ့ ရအောင် ငါ့နှလုံးသားက သဲမြေမဟုတ်ဘူး
၁၆-လွမ်းရဲရင် လမ်းခွဲလိုက်ပါချစ်သူ
၁၈-အချစ်ကြောင့် သေမသွားပေမယ့် သေလောက်တဲ့အထိ ချစ်ခဲ့တယ် မင်းထားရစ်လဲ ကျေနပ်တယ် မင်းနှိပ်စက်လဲ ကျေနပ်တယ် မနက်ဖြန်ဆိုတာ
ရှိနေသမျှ မင်းကိုဆက်ချစ် နေဦးမယ်မင်းရက်စက်လည်း ချစ်နေဦးမယ်
၁၉-လိမ်ချင်ရင် ကြိုးကျစ်... ချစ်ချင်ရင်
ဘောပင်ဆောင်ထား...
အကွက်ရွေ့ချင်ရင်ကျားထိုး...ကြောင်ချင်ရင်တော့ ညမအိပ်နဲ့..
fallချင်ရင်ခုန်ချ...လာတော့မဖြီးနဲ့
၂၀-မနက်ဖြန်တိုင်းသာစကား ပြောတတ်ရင်မင်းကိုသတိရ ကြောင်းကိုယ် ကတစ်ဆင့်သူပြောပေးမှာပါ
၂၁-ဗလတောင့်တယ် ရုပ်ဖြောင့်တယ် .
ရှူ ရှူး ပေါက်ရင် အဝေးကြီးရောက်တယ်
၂၂-တတ်ချင်ရင် သင်.တော်ချင်ရင်ကျင့် မမေ့ချင်ရင် စိတ်ဝင်စား မမှားချင်ရင် ပြန်စစ်
၂၃-ခင်မင်နေတဲ့တို့ နှစ်ယောက်ကြားမှာ စိတ်မခိုင်လို့ ယိမ်းယိုင်မိရင်ခွင့်လွှတ်ပါ
တစ်သက်လုံးပဲ ရင်မှာ သိမ်းဆည်းထားပါ့မယ်
၂၄-ဆန္ဒတွေတော့ရှိသေးတယ် မျှော်လင့်ခြင်းတွေတော့မရှိတော့ပါဘူး
အချစ်တွေတော့ရှိသေးတယ် ယုံကြည်မှုတွေတော့မရှိတော့ပါဘူး
သတိတွေတော့ရသေးတယ် တွေ့ ချင်စိတ်တော့မရှိတော့ပါဘူး
၂၅-ငါက .. တွေ့နေကျ၊ မြင်နေကျ၊ ရိုးရိုးလူမျိုးပေါ့ ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့ ကြောက်တတ်တဲ့ ကောင်မျိုးလေ ..။
ဆောင်းတစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စ
၂၆-အချစ်ကို ကိုးကွယ်နေတဲ့ သူမဟုတ်ပါဘူး... အချစ်ကို ဒူးထောက်တောင်းခံ သူလည်းမဟုတ်ပါဘူး.. ဒါပေမယ့် အချစ်ကို တင်းတင်းကျပ်ကျပ်
ပွေ့ ဖက်ထားတတ်သူပါ...
၂၇-ချောတာကြိုက်ရင်...... မင်းသားတွေရှိတယ်............ ချမ်းသာတာမှလိုချင်ရင်.......... သူဌေးသားတွေရှိတယ်
..........ဂုဏ်မက်တယ်ဆိုရင်လည်း........ စစ်ဗိုလ်တွေရှိတယ်........
ချစ်တတ်တာကိုပဲလိုချင်တယ်ဆိုမှ ငါ့ဆီလာခဲ့ပါ .
၂၈-တစ်ကယ်တော့အချစ်ဆိုတာ လူတိုင်းပါးစပ်ဖျားမှာပြောနေကြတဲ့ ယုံတမ်းစကားပါပဲ
၂၉-ပိုင်ရှင်မရှိပါ -ရည်းစားစကား
ပြောခြင်းကိုလက်ခံစဉ်းစားပေးမည်
၃၀-လူတွေကပြောတယ်အချစ်မရှိရင်သေနိုင်တယ် တဲ့ မဖြစ်နိုင်တာအချစ်က oxygenမှမဟုတ်တာ
၃၁-အရှုံးပေးတာ ...ဒုံးဝေးတာမဟုတ်ဘူး
၃၂-အချက်အပြုတ် မောင့် အလုပ်
အပြေးအလွှား မောင် ဈေးသွား
ဖွတ်အလျှော် မောင် ပဲနော်
ကလေးထိန်းကျောင်း မောင် ပဲကောင်း
ကျောင်းကြိုကျောင်းပို့ မောင် အဖို့
ထင်းမီးသွေးဝယ် မောင် ပဲကွယ်
ဆန်ဆီရှာလည်း မောင် ပါပဲ
ဖျားနာပြုစု မောင် ပဲကု
သို့သော်.............သို့သော်
အင်္ကျီဝယ်ချုပ် မောင် မဟုတ်
လက်ဝတ်ရတနာ မ အတွက်ပါ
ဆလင်းဘက်အသစ် မ အတွက်ဖြစ်
ဗိုလ်ချုပ်ဈေးသွား မောင် မတား
အလှပြင်ဆိုင် မ ပဲထိုင်
အသစ်အဆန်းအထည် မ ပဲဝယ်
ဘာပဲပြောပြော မ သဘော......... မ သဘော။ >>>>
၃၃-My name is ဖိုးရှုပ်... All call me အမျိုးယုတ်.... I Live in တဲစုတ်.... I only eat ပဲပြုတ်... I walk in
လမ်းစုတ်.. So I meet မိပုတ်... I give her အမှိုတ်ထုတ်... So she beat me with
ထီး
၃၄-မြန်မာလို အချစ်
အင်္ဂလိပ်လို I Love You
သခ်ာၤလို 1500
ဓာတုလို ပေါင်းစည်းခြင်း
ရူပလို ပုံသေနည်းမရှိ
ဇီဝလို ရင်ခွဲကြည့်
Eco လိုဈေးမဆစ်နဲ့
သမိုင်းလို ရာဇ၀င်တွင်ပြီး
ပထ၀ီလို ကမ္ဘာတည်သရွေ့ချစ်နေမယ်
ရယ်ချင်ပါသလား ဖြေးဖြေးရယ်ပါ
အတွေးအခေါ် ။ ။အပျိုကြီးများ အိမ်ထောင်မရှိကြ..။
မှုခင်း ။ ။နွားပြာကြီးသေဆုံးရာမှ အမဲသားဖြစ်သွားခြင်း..
သုတေသန ။ ။ကလေးများကို မိခင်နို့တိုက်ကျွေးလျှင် တချိန် လူကြီးဖြစ်လာနိုင် ဟုဆို..။
နိုင်ငံတကာ အရေး ။ ။..ဖင်လန်နှင့် ဥရုဂွေး တယောက်ကိုတယောက်ကို မကြည့်နိုင်လောက်အောင်ဖြစ်နေရာမှ...စစ်ရေးအသွင်ပြောင်း.၊..ခုချိန်တွင်ဥရုဂွေးမှာ မတည်ငြိမ်ပဲ လှုပ်တုတ်တုတ်ဖြစ်နေ...။
အားကစား သတင်း။ ။ ..ပြေးခုန်ပစ်တွင် ကပ်ပလီများ ကို ဆေးစစ်ရာမှ အသားမဲကြောင်းတွေ့ရှိ..။
ကျန်းမာရေး။ ။....တနေ့ပန်းသီး တလုံးစားလျှင် တလ အလုံး 30 မှ 31 လုံး ထိကုန်နိုင်...။
သိပ်ပံပညာ.။ ။..အနာဂတ်တွင် ယောက်ျား ရှားပါး မှုကြောင့် မိန်းမများ ယောက်ျား shopping ထွက်ခြင်း၊.လေလံဆွဲခြင်း၊...ယောက်ျားလု စစ်ပွဲများဖြစ်ခြင်း....၊.ခရမ်းသီးများဈေးတက်ကုန်ခြင်း တို့ ဖြစ်လာနိုင်ကြောင်း....
အနုပညာ ။ ။ရုပ်ရှင်ရိုက်ကွင်းများတွင် ကင်မရာ အစား ၀ါးရင်းတုတ်ဖြင့် ရိုက်မည့် အစီအစဉ်အား မိုက်တီး ကတင်သွင်း ရာ မောင်မျိုးမင်း(ရေတွင်းပျက်) က ပယ်ချလိုက်ကြောင်း.....။
နယ်သတင်းများ..။ဆိုင်များတွင် ကောင်လေးများက နံပြားဂျုံများကို နယ်ကာ အိမ်များတွင်မိန်းမများက အသားများကို မဆလာနှင့် နယ်နေကြကြောင်း..။
အိုင်တီ.သတင်း.....။အင်တာနက်ဆိုင်များ ပေါများလာခြင်းကြောင့်...အပြိုင်အဆိုင်ဖြစ်ကာ...ဈေးချခြင်း...၊ဆက်တိုက်သုံးလျှင် ထမင်းပါကျွေးခြင်း ။ကွန်ကျလျှင် ငါးမျှားချိတ်ဖြင့် အစားထိုးပေးခြင်း ။အကောင့် အလန်းလေးများ ရှာပေးခြင်း..။တခါတလေ ကြူ ပါရဂူ များခန့်ထားပီး ကူ ကြူပေး ခြင်း..(အဆင်ပြေလျှင် အပြင်မှာတွေ့ခြင်းအတွက် စီစဉ်ပေးခြင်း....စသည့်ဝန်ဆောင်မှုများဖြင့် ဈေးကွက်ချဲ့ထွင်လာနိုင်ကြောင်း...ကျွမ်းကျင် သူများက သုံးသပ်ကြ ကြောင်း...။အချို့သော ဆိုင်များက မသမာသော နည်းသုံးနိုင်သည်..။အွန်လိုင်းမှ အဆင်ပြေသွားကြသော အတွဲများ နောင်လာမသုံးတော့မည်စိုးရိမ် ကာ ပြတ်အောင် ကြားကသွေးထိုး ခြင်းများပင် လုပ်လာနိုင်ကြသည်ဆို ဧ်။
ပန်းတွေ ရဲ့ အဓိပ္ပါယ်
၁။ ဗေဒါပန်း = ကိုယ့်အချစ်ကိုလှည့်စားမနေပါနဲ့တော့
၂။ ဒန်းပန်း = မင်းရောက်လာသည်အထိကိုယ်စောင့်နေပါ့မယ်
၃။ ခေါင်းလောင်းပန်း= နံနက်မိုးလင်းလျှင်လင်းခြင်း လာတွေ့ပါ
၎။ အပြာရောင်ခေါင်းလောင်းပန်း= ကိုယ့်အချစ်ကိုယုံကြည်စိတ်ချပါ
၅။ ချယ်ရီပန်း = မိတ်ဆွေတစ်ယောက်အဖြစ်ရော အသိအမှတ်မပြုတော့ဘူးလားကွယ်
၆။ ဂန္ဓမာပန်း (အနီ) = ကိုယ်တော့မင်းကိုချစ်နေမိပြီကွယ်
၇။ ဂန္ဓမာပန်း (အ၀ါ) = မင်းအချစ်ကိုတော့ကိုယ်မယုံနိုင်ပါ
၈။ ဂန္ဓမာပန်း (အဖြူ)= ကိုယ်တော့မင်းကိုချစ်လည်းချစ်တယ်၊ ယုံလည်း ယုံကြည်ပါတယ်ကွယ်
၉။ ဆပ်သဖူးပန်း = မင်းရဲ့ချစ်ခွင့်ပန်မှုကိုလက်ခံလိုက်ပါပြီကွယ်
၁၀။ ဒေလီယာပန်း(အနီ)= သိပ်ပြီးတော့လည်း အဖြစ်သည်းလွန်းမနေစမ်းပါနဲ့
၁၁။ ဒေလီယာပန်း(အဖြူ) = ကိုယ်အခု အိမ်မှာမရှိသေးပါ။
၁၂။ ဂမုန်းပန်း = မင်းရဲ့ထံပါးမှာအချစ်ရဲ့ကျေးကျွန်အဖြစ်နေခွင့်မရဘူးလားကွယ်
၁၃။ နှင်းပန်း = ကိုယ့်အဖို့တော့ မင်းကလွဲပြီး ဘယ်သူ့ကိုမှမချစ်နိုင်တော့ပါ
၁၄။ နှင်းပန်း(အဖြူ) = ကိုယ့်အချစ်ဟာ မင်းအပေါ်မှာဖြူစင်လွန်းလှပါတယ်ကွယ်
၁၅။ မြက်ပန်းပွင့် = အခြားနေရာမှာ ချစ်တဲ့သူတွေ့နေဦးမလားလို့ရှာကြည့်ရဦးမယ်
၁၆။ ညမွှေးပန်း =အရာရာဟာ မင်းအတွက်သာဖြစ်စေရမယ်လို့ကတိပြုပါတယ်
၁၇။ သစ်ခွပန်း = မင်းအဖို့ပျော်ရွှင်မှုများနဲ့ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်
၁၈။ စံပယ်ပန်း = မင်းဟာဒီပန်းကလေးလိုလှတဲ့သူတစ်ယောက်ပါကွာ
၁၉။ ဘိန်းပန်း = စိတ်ညစ်ညူးနေခြင်းမှသက်သာမှုရပါတော့မယ်ကွာ
၂၀။ နှင်းဆီပန်း = အချစ်စစ်အချစ်မှန်နဲ့ချစ်နေမိသူပါကွယ်
၂၁။ ပိတောက်ပန်း = မင်းဘ၀ရှေ့ရေးသာယာဖြောင့်ဖြူးစေရမယ်လို့်ကိုယ်ကတိပေးပါတယ်ကွယ်
၂၂။ နေကြာပန်း = မင်းဟာကျော်ကြားမှုသရဖူကိုဆောင်းနေရသူမို့ စိတ်မ၀င်စားရဲပါဘူးကွယ်
၂၃။ မိုးမခပန်း = မင်းအပေါ်မှာချစ်နေမိတဲ့စိတ်ကိုစွန့်ပယ်လိုက်ပါပြီကွယ်
၂၄။ ကြာပန်း = သစ္စာရှိသော မိတ်ဆွေတစ်ယောက်အနေနဲ့ဆက်ဆံသွားစေချင်ပါတယ်
၂၅။ ဒေါနပန်း = ၀မ်းနည်းကြေကွဲစရာများမခံစားရခင် တစ်ဦးနဲ့တစ်ဦး
ခွဲခွာကြပါစို့ကွယ်
တနေ့ စီးကရက် အလိပ်(၄၀) သောက်တဲ့ ကလေးငယ်
ဆေးလိပ်သောက်ခြင်းသည် သက်လတ်ပိုင်း အရွယ်တွင်ပင် ကျန်းမာရေး အတွက် ဆိုးရွားမှုများ ကြုံတွေ့နေကြောင်း လက်ခံထားကြပြီး ဖြစ်သည်။ ထို့ကြောင့်လည်း အသက် (၂) နှစ်အရွယ် ကလေးငယ် တစ်ဦးသည်တစ်နေ့လျှင် စီးကရက် အလိပ် (၄၀) ထိ သောက်နေခြင်းမှာ အံ့ဩစိတ်ပျက်စရာ ကိစ္စတစ်ခုဖြစ်လာခဲ့သည်။ အာရစ်ရာဇယ်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်နေသလို ယင်း ကလေးငယ်သည် ယခုအခါ ကိုယ့်ကိုယ်ကိုယ် နေရာရွှေ့ရန်ပင် ခက်ခက်ခဲခဲကြိုးစားနေရကြောင်း သိရသည်။ ကိုယ်အလေးချိန် (၄) စတုံရှိသည့် အင်ဒိုနီးရှား ကလေးငယ်သည် အခြားရွယ်တူ ကလေးများကဲ့သို့ ပြေးလွှား ဆော့ကစားနိုင်သည့် ကြံ့ခိုင်မှုမျိုးလည်း မရှိရှာပေ။ ကလေးငယ်၏ မိခင်ဖြစ်သူ အသက်(၂၆)နှစ်အရွယ် ဒီယာနာက အာရစ်သည် ဆေးလိပ်မသောက်ရပါက အလွန် ဒေါသကြီးစွာ တုံ့ပြန်ပြီး ခေါင်းကိုနံရံနှင့် တိုက်လေ့ရှိကြောင်း၊ ထို့အပြင် ဆေးလိပ် မသောက်ရခြင်းကြောင့် ဆိုးဆိုးရွားရွား အခံရခက်သည်ဟု အော်ညည်းနေတတ်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှား အာဏာပိုင်များက အာရစ်အား ဆေးလိပ်ဖြတ်အောင် စွမ်းဆောင်နိုင်ပါက မိသားစု အတွက် ကားအသစ် တစ်စင်း ဝယ်ပေးမည်ဟု မက်လုံး ပေးထားသော်လည်း ကလေးငယ်၏ ဆေးလိပ်စွဲနေသော အကျင့်ကို မည်သို့ ဖယ်ရှားရမှန်း မိသားစုကလည်း မစဉ်းစားနိုင်ပေ။ အင်ဒိုနီးရှား တောင်ပိုင်း ဆူမားတြားရှိ မူဆီဘေယူဆီတွင် နေထိုင်သော မိသားစုသည် ကလေး၏ ဆေးလိပ်ဖိုးအဖြစ် တစ်နေ့လျင် (၅.၅) ဒေါ်လာ ကုန်ကျမှုရှိသည်။ ငါးရောင်းသည့် ဖခင်ဖြစ်သူ မိုဟာမက်ကမူ သားငယ်၏ ကျန်းမာရေး အတွက် စိတ်မပူကြောင်း ပြောကြားခဲ့သည်။ လေ့လာမှုများအရ အင်ဒိုနီးရှားမှ (၃)နှစ်နှင့် (၁၅) နှစ်ကြား ကလေးငယ် စုစုပေါင်း (၂၅) ရာခိုင်နှုန်းသည် ဆေးလိပ်နှင့် အလွန် နီးစပ်မှု ရှိနေကြောင်း သိရှိရသည်။
http://answerfriends.multiply.com/journal?&=&page_start=140 ကူယူဖော်ပြခင်းဖြစ်သည်။
မလေးရှာရောက်အကိုများအတွက် အကောင်ဆုံး အကြံပေးချင်တာက တော့ မှော်ဆရာရဲ့ အကြံပေချက်
မလေးရှာရောက်အကိုများအတွက် အကောင်ဆုံး အကြံပေးချင်တာက တော့ မှော်ဆရာရဲ့ အကြံပေချက်ကတော့ ဘောလုံးဂျာနယ် တစ်ခုကို မိတ်ဆက်ပေချင်းပါတယ် ။
အဲဘောလုံးဂျာနယ်ဟာ မလေးရှာရောက်ကိုရွှေမြန်မာများအတွက် ဘောလုံး ဝါသနာရှင်းများအတွက် ကောင်းလိမ်မယ်လို့ ထင်ပါတယ် ရွှေဘောလုံးဂျာနယ်ပဲဖြစ်တယ်။ သူကတော့ ဘောလုံးလောင်းတဲ့အကိုတို့အတွက် အကောင်းဆုံးပဲဖြစ်ပါလိမ်မယ်
အဲဘောလုံးဂျာနယ်ဟာ မလေးရှာရောက်ကိုရွှေမြန်မာများအတွက် ဘောလုံး ဝါသနာရှင်းများအတွက် ကောင်းလိမ်မယ်လို့ ထင်ပါတယ် ရွှေဘောလုံးဂျာနယ်ပဲဖြစ်တယ်။ သူကတော့ ဘောလုံးလောင်းတဲ့အကိုတို့အတွက် အကောင်းဆုံးပဲဖြစ်ပါလိမ်မယ်
ကဗျာ
![]() | |
သူက တော့ ကျွန်တော် ရည်စား ဟုတ်ဝူးနော် |
အကိုတစ်ယောက်စီက ကူလာတာပါနော် ကျွန်တော် မမှတ်မိတော့လို့ အကို ရေ
>> မင်းကိုစပျစ်သီးလိုအချစ်ကြီးခဲ့တာ တကယ်ပါ
>> ရှောက်သီးလိုလျှောက်ဖြီးတာ မဟုတ်ပါဘူး
>> မယုံရင်ဒူးရင်းသီးလိုဆူးနင်းပြီး လျှောက်ကြည့်ပါလား
>> နေကြာစေ့လိုရင်မှာ ပွေ့ပြီး
>> ထန်းမြစ်လိုအရမ်းချစ်တာပါ ချစ်သူရယ်...
>> ဘူးသီးကြော်လိုရူးပြီးအော်နေတာလည်း မဟုတ်ပါဘူး
>> ဒညင်းသီးလိုအပျင်းကြီးတဲ့မင်းကို
>> ကိုယ်ခွင့်လွှတ်နိုင်ပါတယ်
>> ငါးပိချက်လိုအသိမခက်ပါနဲ့တော့
>> တို့စရာနဲ့တူတဲ့ကိုယ့်ကဗျာကိုဖတ်ပြီးရင်ပြန်ချစ်ပါတော့
>> မဟုတ်ရင်ဂျူးမြစ်လိုအရူးဖြစ်ရပါတော့မယ်.............................
Subscribe to:
Posts (Atom)