Wednesday, 8 February 2012
ခင်ဗျားလည်း ငို
ကျုပ်လည်း ပြို
ဒါပေမယ့် ခင်ဗျား ငိုသံ ပဲတင်ထပ်ပါစေ
ကျုပ်ငိုသံ..မကြားစေရ!
ခင်ဗျားလွမ်းချင်သလောက်လွမ်း
တမ်းချင်သလေက်တမ်း
မှန်းပြီးတော့တောင် အရိပ်မဆွေနဲ့
ကျုပ်အလွမ်းတွေ ဖွင့်ချ နိုင်ဖို့
ခင်ဗျားလောက် ဈေး မပေါဘူးဗျ!
ခင်ဗျား….မုန်းချင်သလောက်မုန်း
ကျုပ်တယောက် အပြုံုးမပျက်ဘူး
ပေါ်ပေါ်ထင်ထင် အခြားသူလက်တွဲခဲ့ရက်တဲ့
ခင်ဗျားအတွက်
ကျုပ်ရင်ခွင် ထဲ အငြိုးဖွဲ့တယ်!
D ရင်ခွင် ထဲက
D အချစ် အတွက်
D လူ လဲပြို ကွဲကြေနေတောင်
D အလွမ်း ခင်ဗျားဆီ သဲ့သဲ့မျှ မပါးဘူး
တကယ်ဆို
ခင်ဗျားသိထားဖို့က
ကျုပ်ရင်ခွင် ခင်ဗျားကလွဲ အခြား မထည့်တတ်ပေမယ့်
ခင်ဗျားရင်ခွင် အခြားသူ အစားထည့်ရက်ခဲ့လို့
ရင်ကွဲနာကျ နှလုံးအိမ်..
အဆုံးစွန်ထိ
ကျရှုံးနေပါစေ
ကျုပ် အနာဂတ်တွေထဲက ခင်ဗျားကို
အပြီး
ထုတ်ပယ်တယ်
……………….
ခင်ဗျား ကို ကျုပ်…..
……စိတ်
…………နာ
…………….တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment